မုံရွာ ခမရ(၁၆) စစ်တပ်ဝန်းအတွင်း မိုးကြိုးပစ်ရာမှ
မီးလောင်
============================
မုံရွာ၊မေ ၂၁။ နှင်းမောင်
============================
မုံရွာမြို့၊အောင်ချမ်းသာရပ် ခမရ(၁၆) စစ်တပ်ဝန်း အတွင်း ယနေ့ညနေ (၃) နာရီ (၃၅)မိနစ်အချိန်ခန့်က မိုးကြိုးပစ်ရာမှ တိုင်းငွေစာရင်းအဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မီးလောင်မှုဖြစ်စဉ်အား သတင်းသွားယူသည့် ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၎င်းအဆောက်အဦးနှင့်မျက်နှာချင်းဆိုင် တမာပင်အား မိုးကြိုးပစ်ရာမှ စက်ကွင်းမိ၊ မီးလောင်ခြင်းဖြစ်ကြောင်း သိရပြီး။ မီးသတ်တပ်ဖွဲ့၊ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့၊တပ်တွင်းဝန်ထမ်းတို့မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
မီးလောင်မှု ဖြစ်ပွားရာ တပ်တွင်းသို့ မြို့ခံသတင်းထောက်များဝင်ရောက်ခွင့်မရခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလအတွင်းကလည်း စစ်တပ်ဝန်းအတွင်း လူမနေသည့် လိုင်းခန်းမီးလောင်ရာတွင် ဓာတ်ပုံရိုက်သော သတင်းထောက်တစ်ဦး၏ ကင်မရာကို တပ်အရာရှိမှ ယာယီ သိမ်းဆည်းထားခဲ့ဖူးကြောင်းသိရှိရသည်။
=============
CentralNewsMyanmar
မေ ၂၁



Comments
Post a Comment