ညဈေးတန်းပြောင်းတော့မယ်တဲ့
#မုံရွာမှာပါ
အမှန်တကယ် ဈေးရောင်းချမည့် သူကိုသာ ညဈေးတန်းအသစ်တွင် ဆိုင်ခန်းနေရာပေးမည်
--- --- ---
အမှန်တကယ် ဖွင့်လှစ်မည့်သူကိုသာ ညဈေးတန်းနေရာသစ် ဆိုင်ခန်းနေရာကို ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိ ညဈေးတန်း ထွက်နေသူ ဈေးသည်များကို ဦးစားပေး နေရာချထား ပေးသွားမည်ဖြစ်ကာ ဆိုင်အသစ် ဖွင့်လိုသူများကိုလည်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီက စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ညဈေးတန်း နေရာသစ်ကို အိမ်တွေမရှိတဲ့ အစိုးရရုံးတွေရှေ့မှာ ရွေးချယ်ထားတာပါ။ အကြမ်းအားဖြင့် ညဈေးတန်းဖွင့်မယ် ဆိုတဲ့မူကိုတော့ လက်ခံပြီးပါပြီ။ လက်တွေ့ အကောင်အထည်ကိုလည်း ရက်ပိုင်းအတွင်းမှာ ဖော်ဖို့ရှိပါတယ်။ ဘယ်နေ့ဆိုတာတော့ အတိအကျ ပြောလို့ မရသေးဘူး။ အခု အသစ်ဖွင့်မယ့် နေရာက လုံလောက်တယ်။ လက်ရှိ ညဈေးတန်းဖွင့်နေတဲ့ နေရာက မလုံလောက်တဲ့အတွက် ရှေ့ကလူဆီက ဝယ်တယ်။ နောက်တစ်ယောက်ကို ပြန်ငှားစားတယ်။ အဲဒါမျိုးတွေ နေရာသစ်မှာ အဖြစ်မခံတော့ဘူး'' ဟု ဦးကျော်မျိုးဝင်းက ပြောသည်။
မုံရွာနာရီစင်နှင့် ဗိုလ်ချုပ်ကြေးရုပ်ကြားတွင် လက်ရှိဖွင့်လှစ်လျက်ရှိသော မုံရွာညဈေးတန်းကို ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းတစ်လျှောက်သို့ နေရာပြောင်းလဲ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ ဖွင့်လှစ်မည့် ဈေးသည် များအနေဖြင့် ဆိုင်နေရာ ပြန်လည်ရောင်းချခြင်းမျိုး လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းထံမှ သိရသည်။
နေရာသစ်သို့ ပြောင်းရွှေ့ရန်စီမံချက် ရေးဆွဲပြီးဖြစ်သလို ဆိုင်စာရင်း လည်း ကောက်ယူနေဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရာ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က သဘော တူပြီးဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောင်းရွှေ့ ခွင့်ရက်ရလျှင် အကောင်အထည်ဖော် ပြောင်းရွှေ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိဖွင့်နေသော ညဈေးတန်းနေရာသည် ပတ်ဝန်းကျင်လူနေ အိမ်များအနေဖြင့် နေ့စဉ်ကြော်လှော်နေသော ညှော်နံ့မခံနိုင်သလို အမှိုက်များ အမြဲရှုပ်ပွနေပြီး ညစဉ်အလုပ်နားချိန် အနားယူခွင့်ပင် မရလောက်အောင် အနှောင့်အယှက် ဖြစ်နေကြောင်း ညဈေးတန်းရှိ အိမ်အားလုံးနီးပါးက တိုင်ကြားထားသောကြောင့် လူနေအိမ်မရှိရာ မြစန္ဒာခန်းမ မြောက်ဘက် ရုံးကြီးလမ်းထိပ်မှ စတင်ကာ စာတိုက်ကွေ့မှ တမာတန်းလမ်းဆုံ မီးပွိုင့်ထိပ်အထိ ဆိုင်ခန်းနေရာများ ပေးသွားရန် စီစဉ်ခြင်းဖြစ်သည်။
လက်ရှိဖွင့်နေသော ညဈေးတန်းနေရာသည် ဆိုင်ခန်းပေါင်း ၈ဝ နှင့် ၁ဝဝ ကြားသာဆံ့ပြီး ရွှေ့ပြောင်းမည့်နေရာ သစ်သည် လမ်းမှာလည်း ရှည်လျားသလို လူနေအိမ်များနှင့် အရှုပ်အရှင်း မရှိနိုင်သောကြောင့် လမ်းဝဲနှင့်ယာတွင် ဆိုင်ခန်းပေါင်း ၅ဝဝ ခန့် ခင်းကျင်းရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref: MOI
The Ladies News@PyaePhyoKyaw
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
Comments
Post a Comment