မုံရွာမြို့အဝင်တမာပင်လဲ၍ ကားများရာနှင့်ချီလမ်းပိတ်
မုံရွာမြို့အဝင်တမာပင်လဲ၍ ကားများရာနှင့်ချီလမ်းပိတ်
=====================================
မုံရွာ မေ ၂
မုံရွာမြို့တွင်ယနေ့ မေလ ၂ရက်နေ့ ညနေပိုင်းက မိနစ်အနည်း ငယ်ကြာခန့် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကားကြီးကွင်းအနီး၊တမာပင်ကြီးတပင် လဲပြိုခဲ့ရာ မှ ကားအစီးရေ ရာနှင့်ချီ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေပြီး လက်ရှိ ၈နာရီ ၃၀ မိနစ်အချိန်ထိ ထိုတမာပင်ကြီးကို ရှင်းလင်းနေဆဲ ဖြစ်သည်။
ပိတ်ဆို့မှုသည် အချိန်အားဖြင့် ၁နာရီကျော်ခန့်ကြာမြင့်နေပြီဖြစ်သည်ဟုစောင့်ဆိုင်းနေသူများကဆိုသည်။
မုံရွာ ကားလေး ကွင်း မှ ညနေပိုင်းတွင် ထွက်ခွာလာသော ခရီးသည်တင် express ကားကြီးအများစုလမ်းပိတ်နေပြီး။ ကားလေးများကျော်တက်မှုကြောင့်အချို့နေရာများတွင် လမ်းပြည့်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်။
မုံရွာမြို့မှ ထွက်သည့်ဘက်တွင် ကားကြီးကွင်းရှေ့မှစက်မှုဇုံ ဆိုင်းဘုတ်အနီးထိယာဉ်များ ရပ်တန့်ထားရပြီး တဖက်တွင် မုံရွာမြို့ဝင် မုဒ်ဦးအထိယာဉ်များရပ်ထားရသည်။
ရှင်းလင်းနေသူများမှလှီးဖြတ်ပြီးတမာပင်အားကရိန်းဖြင့်ဖယ် ရှားနေသည်။ယခုဖြစ်စဉ်ကြောင့်မုံရွာမှရန်ကုန် နေပြည်တော်ထွက်ကားများဝင်ချိန်အတိမ်းအစောင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။
Monywa Gazatte
PyaePhyoKyaw
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
Comments
Post a Comment